Tuesday 24 October 2017

Deja Vu (2006) မြန်မာစာတန်းထိုး

ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက
သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေက အဓိက အချိန်နဲ့ ပတ်သက်တဲ့ သီအိုရီတွေ ၊ ယူဆချက်တွေနဲ့မို့ တော်တန် ချက်ချင်းမသိခဲ့ဘူး ။ ကျွန်တော်တို့ဟာ အချိန်ကို နောက်ပြန်ဆုတ်လို့ရရင် ဖြစ်ရပ်တစ်ချို့ကို ပြန်လည်ပြင်ဆင်နိုင်မယ်လို့ ထင်ကြတယ် ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ တစ်ချို့ဖြစ်ရပ်တွေကို ပြောင်းပြစ်လို့မရဘူးဆိုတာ သိလာတယ် ။ အချိန်က နောက်ပြန်ဆုတ်လို့ရပေမယ့် ရှိနေကျ အရာတွေကတော့ ရှိနေစဲပါပဲ ။

ဒီရုပ်ရှင်ကို ၂၀၀၆ ခုနှစ်​က ရုံတင်​ခဲ့ပြီး
ဒါရိုက်​တာ Tony Scottရိုက်​ကူးကာ နာမည်​ကြီး သရုပ်​​ဆောင်​​တွေဖြစ်​တဲ့ Denzel Washington, Val Kilmer,Paula Patton, Bruce Greenwood, Adam Goldberg နဲ့ Jim Caviezelတို့က သရုပ်​​ဆောင်​ထားပါတယ်​ ။ အ​မေရိကန်​​ဒေါ်လာ ၇၅သန်းအကုန်​ကျခံခဲ့ပြီး သန်း၁၈၀​ကျော်​ပြန်​ရထားတာမို့ Thrillerစိတ်​ဝင်​စားသူများ ​အထူးကြည့်​ရမဲ့ကားတစ်​ကားဖြစ်​ပါတယ် ။

အစိုးရပိုင် ရေကြောင်း ဖယ်ရီ တစ်ခုဖြစ်တဲ့
သဘောင်္တစ်ခုမှာ ကျောင်းသားတွေရော လူတော်တော်များများပါလိုက်ပါလာပါတယ် ။ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောင်္ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ် ။ သဘောင်္တစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို အသေအပျောက်ကလည်းရာချီပါတယ် ။ ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ ။

သူဟာ Time Machine နည်းပညာအကူအညီနဲ့
သဘောင်္ဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇ၀တ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ် ။

ဘာသာပြန်ကတော့ Lotus Black ဖြစ်ပါတယ် ။
Format ……… 720p BluRay
Genre ………… Drama & Thriller
File size ……… 603 Mb
Resolution ……… 1280x536
Subtitle ……… မြန်မာ Hardsub
Runtime ……… 2 h 06min
Translater ……… Lotus Black
Encoder ………Nge Nge
Rating  7/10

                                  အောက်မှာဒေါင်းရန်
                                G Drive , Openload

No comments:

Post a Comment

Deja Vu (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ...