Friday 29 September 2017

The Siege (1998)

ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို
တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။

၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။

၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ။ အီရတ်မြေပြင်က CIA တွေက ပြောင်းသွားတဲ့ မူဝါဒကြောင့် အကုန်ပြန်ကုန်တယ် ။ အီရတ်မှာတော့ အကြမ်းဖက်နည်းအတတ်တွေ တတ်ပြီးနေတဲ့ အစ္စလာမ်တွေဟာ ဆတ်ဒမ်ရဲ့ ဖိနှိပ်မှု ဒုက္ခတွေကြားထဲ ကျန်နေခဲ့တယ် ။

ဇာတ်လမ်းအကျဉ်းကတော့
အဲဒီ အကြမ်းဖက်အတတ်တွေ တတ်နေတဲ့ အာရပ်တွေဟာ အမေရီကန် နယူးယောခ့်မြို့ကို ဘယ်လိုအကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မလဲ ၊ FBI ကရော ဘယ်လိုကာကွယ်မလဲ ၊ CIA ကရော နိုင်ငံရေးအတွက် ဘယ်လိုကစားမလဲ ၊ အမေရီကန် စစ်တပ်ကရော ဘယ်လိုအနေအထားကနေ ပါဝင်ပတ်သက်မလဲဆိုတာ ကျုပ်ဆက်ပြောရင် ကျုပ်ပဲမောတယ် ခင်ဗျားဘာသာ ကြည့်တော့ဗျာ။
ရုပ်ရှင်အညွှန်း -
Wai Linn Kyaw


Format ……… 720p BluRay
Genre ………… Action & Thriller
File size ……… 800 Mb
Resolution ……… 1280x544
Subtitle ……… မြန်မာ Hardsub
Runtime ………1h 56 mins
Translater …………Wai Linn Kyaw
Encoder ………Nge Nge

Raiting - 6.3

                                 အောက်မှာ ဒေါင်းလိုက်ပါ
                                          DOWNLOAD

No comments:

Post a Comment

Deja Vu (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ...