Thursday 5 October 2017

Black Sea (2014) မြန်မာစာတန်းထိုး


black sea
၁၉၄၁ မှာ နာဇီဂျာမနီကို
နိုင်ငံတကာက စီးပွားရေးပိတ်စို့ခဲ့ကြတယ် ။ အဲဒိအချိန်မှာ ဆိုဗီယက်က ကြားနေဝါဒပဲ ရှိနေသေးတယ် ။ စတာလင်ဟာ သူ့နိုင်ငံကို နာဇီတွေ ကျူးကျော်လာမှာကို ကြောက်နေခဲ့တယ် ။ ဒါကို ဟစ်တလာက အခွင့်ကောင်းယူပြီး ဆိုဗီယက်စီကနေ ငွေတွေ ချေးယူခဲ့တယ် ။

ဆိုဗီယက်ဟာ ဂျာမနီကို ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ ရွှေတွေ ချေးပေးခဲ့တယ် ။
တစ်ပတ်အကြာမှာပဲ ဟစ်တလာက အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ဖောက်ဖျက်ပြီး ဆိုဗီယက်ကို ကျူးကျော်ဝင်တိုက်ခဲ့တယ် ။

စစ်ပွဲက လေးနှစ်ကြာတယ် လူသန်း ၂၀ လောက်သေတယ် ။ စတာလင်ဟာ သူ့ဘက်က ကတိစကားကိုတော့ မပျက်ကွက်ခဲ့ပါဘူး ။ သူ့ ကတိစကားအတိုင်း ရွှေ ၄ တန်ကို ရေငုတ်သင်္ဘောနဲ့ စေလွှတ်ခဲ့တယ် ။

ဒါပေမယ့် အဲဒိ ရေငုတ်သင်္ဘောဟာ ဟစ်တလာစီကို ဘယ်တော့မှ မရောက်ခဲ့ပါဘူး ။ ရွှေတွေသယ်လာတဲ့ ရေငုတ်သင်္ဘောဟာ ဂျော်ဂျီယာနယ်စပ် ပင်လယ်နက်ထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ် ။

ကဲ ဇာတ်လမ်းက အခုမှ စ,တာပါ ။
ရုရှားမှာ အဂူရိုဆိုတဲ့ သင်္ဘောပျက်တွေ ဆယ်တဲ့ ကုမ္မဏီရှိတယ် ။

အဲဒိကုမ္မဏီက ဂျော်ဂျီယာ ရေပိုက်နက် နယ်စပ်မှာ နစ်မြုပ်နေတဲ့ ရေငုတ်သင်္ဘောပျက်တစ်စီးကို ရှာဖွေတွေ့ရှိခဲ့တယ် ။ ရုရှားနဲ့ ဂျော်ဂျီယာ နှစန်နိုင်ငံ နယ်စပ်ပြသနာရှိနေတာမို့ ကုမ္မဏီအနေနဲ့ အဲဒိသင်္ဘောကို တရားဝင် ဆယ်ယူလို့ မရပါဘူး ။

ရုရှားဘက်ကလည်း ဘယ်နေရာမှာ ရွှေတွေတင်ထားတဲ့ ရေငုတ်သင်္ဘောရှိတယ် ဆိုတာ မသိဘူး ၊ ဂျော်ဂျီယာဘက်ကလည်း အဲဒိနေရာမှာ ရေငုတ်သင်္ဘောရှိနေတာ မသိကြဘူး ။ အဂူရို ကုမ္မဏီ အနေနဲ့ အဲဒိသင်္ဘောကို ဆယ်ယူရင် နယ်စပ်ရေကြောင်း ဥပဒေနဲ့ ဖမ်းစီးအရေးယူခံရမယ် ။

အဲဒိတော့
ရွှေတွေအပြည့်တင်ထားတဲ့ ရေငုတ်သင်္ဘောဟာ ပင်လယ်နက် ကြမ်းပြင်အောက်မှာ လှဲလျောင်းအိပ်စက်နေတယ် ။

အဲဒိတော့ဗျာ ပြောချင်တာက
ခင်ဗျားတို့ ဆိုရင်ရော အဲဒိလို ပိုင်ရှင်မဲ့ ၄ တန် နီးပါး ရွှေတွေကို မလိုချင်ဘူးလား ။ ခင်ဗျားတို့ လိုချင်ရင်တော့ Jude Law နဲ့အတူ သွားဆယ်လိုက်ရအောင်ဗျာ ….

Review & Translate by Wai Linn Kyaw
Format ……… 720p BluRay
Genre ………… Disaster Flim/ Thriller
File size ………697 Mb
Resolution ……… 1280x536
Subtitle ……… မြန်မာ Hardsub
Runtime ………1h 49mins
Fixed & Synced ……… Wai Linn Kyaw
Encoder ………Nge Nge
Rating  6.4       

                          အောက်မှာ ဒေါင်းရန်
                             DOWNLOAD

No comments:

Post a Comment

Deja Vu (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ...