Monday 2 October 2017

Raiders Of The Lost Ark (1981) မြန်မာစာတန်းထိုး



ဒီဇာတ်ကားတွေကို မသိတဲ့ လူမရှိသလောက်မို့အညွှန်းကိုထွေထွေထူးထူးမိတ်ဆက်မပေးတော့ပါဘူး…
Action/Adventure ဇာတ်ကားမျိုးပါ…
မင်းသားကြီး Harrison Ford ရဲ့သရုပ်ဆောင်ချက် ကောင်းကောင်းလေးတွေနဲ့
ဟာသဆန်ဆန် ဖျော်ဖြေမှုရသနဲ့ ရင်သပ်ရှုမောဖွယ်ရသကိုပေးစွမ်းထားနိုင်ပါတယ်။
IMDb Rating (8.6/10) နဲ့ Rotten Tomatoes (95% ) ရရှိထားပါတယ်။

(Raiders of the Lost Ark ဆိုတဲ့ဒီဇာတ်လမ်းထဲမှာ နာဇီတွေ အသဲအသန်လိုက်ရှာနေတဲ့ ဒီသေတ္တာလေးဟာ သူတို့ရန်သူတော် ဂျူးတွေရဲ့ ဘာသာရေးပစ္စည်းပါ။ Torah နဲ့ Bible ကျမ်းစာတွေအရ ဒီသေတ္ကာလေးကို ပညတ်တော် (၁၀)ပါးကို ရေးထားတဲ့ ကျောက်တုံးနှစ်တုံး ထည့်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်က ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဂျူးတွေ အီဂျစ်ကနေ မြေထဲပင်လယ်ကိုဖြတ်၊ ဘုရားသခင်(ဂျူး အခေါ်ဂျေဟိုးဗ)ကတိပြုထားတဲ့ လွတ်မြောက်နယ်မြေ ခုဆီးရီးယားကျွန်းဆွယ်ကို သွားတဲ့လမ်းတစ်လျှောက်မှာ ဒီသေတ္တာက အခက်အခဲဟူသမျှကို ဖြေရှင်းပေးခဲ့တယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။ ခရစ်ယာန်တွေရော၊ ဂျုးတွေပါ ယုံကြည်ကိုးကွယ်ကြတဲ့ ဒီပစ္စည်းဟာ ဘီစီ ၅၉၇၊ ၅၈၆နှစ် ဘေဘီလိုနီးယန်းတွေ ဂျေရူဆလင်ကို ဝင်စီးချိန်မှာ ဘုရားကျောင်းမှပျောက်သွားခဲ့ပါတယ်။ ခိုးခံရတာလား၊ ဖွက်လိုက်ကြတာလား၊ ဖျက်ဆီးခံလိုက်ရလားဆိုတာ ခုထိမသိကြရသေးပါဘူး။

ပါးစပ်ရာဇဝင်တွေအရ သေတ္တာဟာ ပထမဆုံးဘုရားကျောင်းထဲက ဝင်္ကပါလှိုဏ်လမ်း တနေရာရာမှာ လှုံခြုံစွာရှိဆဲပဲလို့ဆိုပါတယ်။ ဒါပေမယ့် ခုခေတ်မှာ ထိုလှိုဏ်တွေထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
အကြောင်းက ခုအဲဒီနေရာဟာ မူဆလင်တွေရဲ့ နာမည်ကြီး Dome of Rock ဗလီ ဖြစ်နေလို့ပါပဲ။
နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်မှာတော့ Ark ကို အီသီယိုးပီးယား မင်းညီမင်းသားတစ်ပါးက လွတ်ရာကို ပင့်ဆောင်သွားခဲ့ပြီး မြို့ငယ်တစ်ခုက ဘုရားကျောင်းထဲမှာ ဖွက်ထားခဲ့ပါသတဲ့။ ခုထက်ထိ အဲဒီ ဘုရားကျောင်းမှာ Ark ကို ဂျူးဘုန်းတော်ကြီးတွေက စောင့်ရှောက်နေကြပါတယ်။ ပညာရှင်အဖွဲ့တွေက လေ့လာခွင့်တောင်းတော့ စောင့်တဲ့လူကလွဲရင် ဘယ်သက်ရှိကမှ Ark ကို ကြည့်ခွင့်၊ ဖွင့်ခွင့်မရှိပါဘူးတဲ့ခင်ဗျား။


အညွှန်း flim2mm
Credit to Flim2mm
Format ……… 720p BluRay
Genre ………… Actiin & Adventure
File size ………751 Mb
Resolution ……… 1280x720
Subtitle ……… မြန်မာ Hardsub
Runtime ………1h 55 mins
Fixed & Synced ……… Wai Linn Kyaw
Encoder ………Nge Nge


Raiting - 8.1

                            အောက်မှာ ဒေါင်းရန်
                                DOWNLOAD

No comments:

Post a Comment

Deja Vu (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ...