Tuesday 17 October 2017


war for the planet of the apes (2017) မြန်မစာတန်းထိုး 1,2,3

တစ်နေရာတည်းမှာ 1,2,3 ကြည့်နိုင်ဖို့ Movie All Channel မှ တင်ဆက်ပေးလိုက်ပါတယ်...

အမေရိကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့
War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချီထားတာပါ။

ဒီတစ်ခါ ဇာတ်လမ်းကတော့
နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။

မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက်
အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို အကြင်နာမဲ့ရက်စက်တဲ့ ကာနယ် ကဦးဆောင်တာဖြစ်ပြီး ဆီဇာရဲ့ ဇနီးနဲ့  သားအကြီးဆုံးကို သတ် ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိသား စုနဲ့ မျောက်ဝံ မျိုးနွယ်စုကို ကာ ကွယ်ချင်တဲ့ဆီဇာနဲ့ မျောက်ဝံတွေ ကို မုန်းတီးပြီးအမျိုးဖြုတ်သုတ် သင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့ အကြားမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်ပါတော့တယ်။



မျောက်ဝံအဖွဲ့မှာ
သစ္စာ ဖောက်သူတွေ  ရှိတဲ့အတွက် နောက်ဆုံးမှာ ဆီဇာ အဖမ်းခံခဲ့ရပြီး ရက်စက်တဲ့ကာနယ်က အစာဖြတ်၊ ရေဖြတ်နဲ့ ညှဉ်းပန်းဒုက္ခပေးခဲ့ပေ မယ့်လည်း ကူညီမယ့်သူပေါ် လာ တဲ့အတွက် ဆီဇာတစ်ဖန်ပြန် လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆီဇာနဲ့ ကာနယ် ထိပ်တိုက် တွေ့ကြတဲ့အခါမှာ တော့ အနာဂတ်ကမ္ဘာမှာ ကျန်ရှိ မယ့် လူသားမျိုးနွယ်စုနဲ့ မျောက်ဝံ မျိုးနွယ်စုတို့ရဲ့ ကံကြမ္မာအတွက် ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာ ရှုစားရမှာပါ။

၂၀၁၁ တုန်းက ထွက်ခဲ့တဲ့
Rise of the Planet of the Apes နဲ့

၂၀၁၄ တုန်းကထွက်ခဲ့တဲ့
Dawn of the Planet of the Apes ဇာတ်ကားတွေရဲ့

အဆက် ဖြစ် ထွက်ရှိထားတာမို့
အရင် ဇာတ်ကားတွေပါ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက် ကေးလိုက်ပါတယ် ။

(ဇာတ်လမ်းအညွှန်းကိုတော့ 7daily Website မှကူးယူဖော်ပြထားပါတယ် )


Rise of the Planet of the Apes ကိုဘာသာပြန်သူက Lotus Black ဖြစ်ပါတယ် ။

Dawn of the Planet of the Apes ကိုဘာသာပြန်သူက khuppi09 ဖြစ်ပါတယ် ။

War for the Planet of the Apes ကိုဘာသာပြန်သူက KyawKyawCUMdy ဖြစ်ပါတယ် ။

All of Quarlity.…… 720p Bluray
                                        အောက်မှာဒေါင်းရန်
              Rise of the planet   DOWNLOAD
             Dawn of the planet DOWNLOAD
             War of the planet   DOWNLOAD

No comments:

Post a Comment

Deja Vu (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ...